Just another free Blogger theme
Monday, September 14, 2020
Hello Everbody ကျွန်တော်ဒီနေ့နေ့လည်
အချိန်ရတုန်းလေး PES 2020 PC Game နဲ့
ပတ်သက်တဲ့ Tutorial လေးလုပ်ထားပါသည်။
ကျွန်တော်တို့ PES Game တွေကို PC မှာ
ဆော့ဖူးတဲ့ PC Gamers တော်တော်များများ
Player Transfer update, jersey အသစ်စတာတွေ
ကို အသစ်ထွက်တိုင်း Download လုပ်ပြီး
မိမိ PC မှာ Path ကို  install လုပ် ပြီး
PES Game ကို ကစားဖူးကြမှာပါ။
ကျွန်တော်အခုလုပ်ပြထားတာက
Path ကို  install လုပ် တာ
မဟုတ်ပဲ မိမိ ပြောင်းချင်တဲ့
အသင်းရဲ့  jersey format ကို
Download ဆွဲပြီ  PES 2020
Game ထဲ့မှာ Built in ပါတဲ့
optionအတိုင်း import 
လုပ်ပြီ ထည့်သွင်းတာမျိုးပါ။
Phtoshop ကျွမ်းတဲ့သူတွေကတော့
မိမိစိုက်  jersey Design ကို
ပြင်ပြီပြောင်းပေါ့ဗျာ။
ကျွန်တော်ကတော့ ဒီမှာ
Chelsea Fan ဆိုတော့
Chelsea  jersey ကို
NLD logo လေးထည့်ပြီ
ပြောင်းပြထားပါသည်။
NLD logo မပြောင်းချင်တဲ့
သူတွေကတော့ ဂျာစီအသစ်
No.3 အတိုင်း import ထည့်ပြီ
အသုံးပြုနိင်ပါသည်။
ကျွန်တော် PES 2020 ကို 
PS4 မှာ ကစားတဲ့သူများအတွက်ပါ
ပြောပြထားပါသည်။
Tutorial လေးကြည့်ပြီ
သေချာ လိုက်လုပ်ကြည့်ပေါ့ဗျာ။
ကျွန်တော် အခုပြောင်းပြထားတဲ့
Chelsea  jersey အသစ် တွေကို
Download လုပ်ချင်သူများအတွက်
ကျွန်တော် ရဲ့ Blog မှာ
တင်ထားပေးပါသည်။
PES 2020 မှာ မိမိစိတ်ကြိုက်
ဂျာစီပြောင်းချင်သောသူများ
အဆင်ပြေကြပါစေဗျာ။
01.Preview of chelsea jersey with NLD logo in PES 2020
Tuesday, June 30, 2020
Hello Everybody ကျွန်တော်
ဒီနေ့ညနေတော့ အချိန်ရတုန်းလေး
Post တစ်ခုတင်ပေးလိုက်ပါသည်။
Cisco လေ့လာနေသောသူများကော
Networking လေ့လာနေသော 
ကျောင်းသားများ ကော အလုပ်ထဲ့ကသူတွေကော
သဘောကျမယ့် ဂိမ်းလေးတစ်ခု ကျွန်တော်တင်
ပေးလိုက်ပါသည်။ Cisco Aspire Networking
Academy Edition ဆိုတဲ့ Game လေးပါ။
ဒီလိုဂိမ်းမျိုး Mobile မှာကော PC မှာကော
ထွက်တာ ကြာပါပြီ။ အခုကျွန်တော်
တင်ပေးတဲ့ ဂိမ်းလေးက 
PC Game လေးပါ။
 ရေလည်မိုက်ပါသည်။  :D  
Game ထဲ့မှာ Networking ကို ကိုယ်ပိုင်
Project လေး တွေလုပ်မယ်
Cisco Learning Center မှာ
ကိုယ့်လာချင်တာ သွားလေ့လာမယ်
ပိုက်ဆံတွေစုမိရင် ကိုယ်အိမ်ကို
စိတ်ကြိုက်ပြုပြင်မယ် Game Preview
လေးကိုလွန်ခဲ့တဲ့အပတ်လောက်တုန်းက
ကျွန်တော် FB Account မှာ ပြထားပေးပါသည်။ 
အခု Blog မှာ Game Preview လေးကော
Game Setup iso file ပါတင်ပေးလိုက်ပါသည်။
မိတ်ဆွေများအားလုံး COVID 19 အချိန်မှာ
ကျန်းမာရေး အထူးဂရုစိုက်ကြပါခင်ဗျာ။
Zaw Gyi Version
===========
ထွက်တာ ကြာပါပြီ။ အခုကျွန်တော်
တင်ပေးတဲ့ ဂိမ်းလေးက 
PC Game လေးပါ။
 ရေလည်မိုက်ပါသည်။  :D  
Sunday, June 21, 2020
Hello Everybody  ကျွန်တော် ဒီနေ့တော့
Cisco Lab စမ်းမည့်သူများအတွက်
Cisco Packet Tracer 7.3 setup iso file
ကိုတင်ပေးလိုက်ပါသည်။ 
File size က 230 MB လောက်ရှိပါသည်။
Cisco Lab စမ်းမည့်သူများ
မိမိ PC က model နိမ့်နေလို့
စိတ်ညစ်နေမယ့်အစား 
Cisco  Packet Tracer ထဲ့မှာ ပဲ
Model အနိမ့်နဲ့ PC မှာအေးဆေး
စမ်းနိင်ပါသည်။ ကျွန်တော်
ခဏ ခဏ ပြောပြနေကြ
စကားရှိတယ်ဗျာ။ Lab  တွေ
စမ်းတဲ့အခါ Virtual Device နှင့်
Physical Device တွေ နဲ့ ကွာခြားပုံကို
သေချာလေ့လာပါ၊ အဲဒါတွေမြင်သွားရင်
ဘယ်မှာ ပဲ Lab စမ်းစမ်း ထိရောက်ပါသည်။
Cisco  Packet Tracer  ထဲ့မှာပဲ 
Lab တွေစမ်းရင်း
ရူးတောင်သွားနိင်ပါသည်။  :D 
Cisco Packet Tracer 7.3 မှာ 
workspace improvements,
Protocol and software improvements,
New devices in Packet Tracer 7.3 
စတဲ့အချက်အလက်တွေကို အောက်မှာ
ဖတ်နိင်အောင် ဖော်ပြပေးထားပါသည်။
Zaw Gyi Version
======
ကိုတင်ပေးလိုက်ပါသည်။ 
စိတ်ညစ်နေမယ့်အစား 
စမ်းနိင်ပါသည်။ ကျွန်တော်
ခဏ ခဏ ပြောပြနေကြ
စကားရှိတယ်ဗျာ။ Lab  တွေ
Lab တွေစမ်းရင်း
Cisco Packet Tracer 7.3 workspace improvements
Aligned workspace objects
Ability to deploy network devices to a specific rack
Accessibility update
Ability to name a physical rack
IP OSPF Point-to-Point on Ethernet interface
IPv6 OSPF Point-to-Point on Ethernet interface
Dynamic ARP inspection
WLC GUI fixes and enhancements
DHCP snooping fixes and enhancements
Section output modifier for show commands
Accessibility, security, and usability enhancements and optimizations for all platforms
Upgraded PTSA and PTMO support
Various enhancements to existing protocols
New devices in Cisco Packet Tracer 7.3
Cisco 4331 Integrated Services Router
Cisco Wireless Lan Controller 3504
Friday, June 19, 2020
Hello Everybody  ကျွန်တော် ဒီနေ့တော့
Windows PC တွေမှာ Dictionary အသုံးလိုသော
မိတ်ဆွေများအတွက် ကျွန်တော်မှာရှိတဲ့ 
Cambridge Advanced Learner's Dictionary 3rd Edition
Setup iso file ကို ကိုတင်ပေးလိုက်ပါသည်။  
File size ကတော့ 650 MB 
လောက်ရှိပါသည်။ 
အလုပ်ထဲ့မှာ Dictionary 
အသုံးလိုသော သူများ အဆင်ပြေပါစေဗျာ။
Zaw Gyi Version
======
Hello Everybody  ကျွန်တော် ဒီနေ့တော့တော့
File size ကတော့ 650 MB 
လောက်ရှိပါသည်။ 
Thursday, June 18, 2020
Hello Everybody  ကျွန်တော်ရဲ့ Blog လေးမှာ 
Post မတင်ဖြစ်တာကြာပြီဗျာ။ ကျွန်တော်
ဒီနေ့ နေ့လည်တော့ Microsoft Office 2016
ကိုအသုံးလိုသောသူများအတွက် Office 2016
Setup iso file ကို တင်ပေးလိုက်ပါသည်။
ကျွန်တော် အသိတွေကော တပည့်တွေကော
ခဏ ခဏ Download Link မေးနေကြတော့
ရုံးသုံး standard software လေးတွေ
လွယ်လွယ်ကူကူ Download  လုပ်နိင်အောင်
တင်ပေးထားပါသည်။ နောက်ပိုင်း အချိန်ရရင်
ရသလို ရုံးသုံး software လေးတွေ တင်
ပေးထားပါမည်။ အသုံးလိုသောသူများ
အဆင်ပြေကြပါစေဗျာ။ 
Zaw Gyi Version
=======
ပေးထားပါမည်။ အသုံးလိုသောသူများ
အဆင်ပြေကြပါစေဗျာ။ 
Thursday, April 9, 2020
Hello Everybody  ကျွန်တော်ရဲ့ Blog လေးမှာ post
 တွေမတင်ဖြစ်တာ ၃နှစ်လောက်ရှိပြီထင်ပါသည်။ 
ဒီနေ့မနက်ထဲ့ကဗျာ နယ်က သူငယ်ချင်းတစ်ယောက်
Computer က Hard Disk ပျက်သွားလို့ Hard Disk
အသစ်ပြန်လဲပြီ  OS အသစ်ပြန်တင်မလို့ Steam Download
လုပ်တာလေးနဲ့ Dota2 installation လုပ်တာလေးတွေ
မေးနေတာနဲ့ တစ်ခြားမသိသေးသောသူများလဲ
သိသွားအောင် Tutorial လေးလုပ်ပေးလိုက်ပါသည်။
သိပြီးသားသူတွေအတွက်ကတော့ သိပ်မခက်ပါဘူးဗျာ
မသိသေးသောသူများအတွက် အထောက်အကူဖြစ်မယ်
လိုထင်မိပါသည်။ Dota2 အတွက် system requirements
တွေနဲ့  steam account အသစ်ဖွင့်မှာတွေပါ အနည်းငယ်
ပြောပြပေးထားပါသည်။ ကျွန်တော်လွန်ခဲ့တဲ့၃နှစ်လောက်ကတည်းက
Steam Game Backup or Restore , Steam Update FileSync,
စတာတွေ Tutorial  ‌တွေတင်ထားပေးဖူးပါသည်။လေ့လာချင်သူများ
ကျွန်တော် နာမည်နဲ့ You Tube Page မှာ လေ့လာနိင်ပါသည်။
အိုကေ Tutorial လေးကြည့်ပြ‌ီ မသိသေးသူများ အကူအညီ
ဖြစ်မယ်ဆိုရင် ကျေနပ်ပါပြီဗျာ။
Zaw Gyi Version
========
Thursday, November 9, 2017
ကျွန်တော် ဒီတစ်ခါတော့ D2 Steam Game တွေ Update လုပ်ထားပြီသား
PC ကနေ Steam ကို Backup လုပ်ပြထားပြီ Update မလုပ်ရသေးတဲ့
တစ်ခြား PC တစ်လုံးမှာ Steam ကို Restore  လုပ်ပြထားပါတယ်။
ကျွန်တော် အရင် ကလဲ  FreeFileSync အသုံးပြုနည်း တင်ပေးထားပါတယ်။
FreeFileSync Tutorial ကိုကြည့်ပြီ အသုံးပြုသူများ အဆင်ပြေတယ်လို့
လာလာပြောကြတိုင်းဝမ်းသာမိပါတယ်။ ကျွန်တော် တင်ပေးတဲ့
Tutorial တွေ တကယ်အခက်အခဲရှိသူတွေ အသုံးချနိုင်တယ်
Friday, March 17, 2017
ကျွန်တော် ဒီနေ့တော့ Online Game ဆိုင်တွေမှာ PC တစ်လုံးထဲ့ကိုပဲ Steam Update လုပ်ပြီး
ကျန်တဲ့ PC တွေကို FreeFileSync Software လေးသုံးပြီး Steam Update Data တွေကို
FileSync လုပ်ပြထားတဲ့ Video Tutorial လေးပါ။ ကျွန်တော် အသိတော်တော်များများကမေးနေကြတာ
မနေ့ကမှ Steam Update လုပ်ရင်း Tutorial လေး သေချာ Create လုပ် ပြီး ရှင်းပြထားပါတယ်။
FreeFileSync ကို ဘယ်လို Download လုပ်ရမလဲဆိုတာလဲ Tutorial ထဲ့ ပြောပြထားပါတယ်။
အသုံးလိုသောမိတ်ဆွေများအဆင်ပြေပါစေဗျာ။
Sunday, May 29, 2016
မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော် ဒီနေ့ နေ့ခင်းတော့  Basic Electronic
 သမားတွေအတွက်Study လုပ်လိုကောင်းမယ့် Apk လေးတစ်ခုရလိုတင်ပေးလိုက်ပါတယ်။
 Apk ထဲ့မှာပါတ့ဲTopics တွေကတော့Electrical Theorems and Laws၊ Resistance ၊
Capacitance ၊Inductance ၊Diode ၊Transistor ၊ Operational Amplifiers ၊ 
Filters ၊ Digital Combinational ၊Digital Sequential စတာတွေ လေ့လာလိုရပေါ့ဗျာ။ 
Apk file size လေး က 4.5 MB လောက်ရှိပေမယ့် 
Knowledge ကတော့ 4.5GB လောက်ရပေါ့ဗျာ။ 
အိုကေ လေ့လာချင်သူများ အဆင်ပြေပါစေဗျာ။
Sunday, May 15, 2016
မိတ်ဆွေများအားလုံးမနက်ခင်းပါခင်ဗျာ။ လွန်ခဲ့တဲ့တစ်လလောက်က ကျွန်တော် အသိတစ်ယောက်က
အကူအညီတောင်းတာနဲ Epson L210 အတွက် Reset လုပ်ရင်းနဲ ရထားတဲ့ Resetter tool လေး
ကို How to Reset User Guide  User Guide လေးပါ PDF Create လုပ်ပြီး
ပြန် Share လိုက်ပါတယ်။Epson L110-L210-L300-L350-L355  စတဲ့ Printer တွေ အတွက်
သတ်မှတ်ထားတဲ့ Print စာရွက် အရည်အတွက် ပြည့်သွားတဲ့အခါ Reset ပြန်လုပ်ပြီး
Print ပြန်ထုတ်ချင်သူများအတွက် How to Reset User Guide နှင့်
Resetter Tool လေး တင်ပေးလိုက်ပါတယ်။အသုံးလိုသောမိတ်ဆွေများအဆင်ပြေပါစေဗျာ။
Thursday, December 31, 2015
မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်ဒီတစ်ခါတော့ Microsoft Windows တွေကိုတစ်ခါတင်ထားပြီးရင်ထပ်တင်စရာမလိုတဲ့ Windows တစ်ခုလုံး ကို Windows ခွေ မလို ၊ တခြား System Recovery Boot ခွေတွေ တစ်ခုမှမလိုတဲ့ အလွယ်ကူဆုံး One Key Recovery Restore အလွယ်လုပ်နည်းလေး လမ်းညွန့်လိုက်ပါတယ်။ Computer Service သမားတွေကတော့ One Key Recovery ဆို ကြားဖူးကြမှာပါ။အခုနောက်ပိုင်း Laptop တွေ ၀ယ်ရင် Original Recovery ပါတဲ့ Windows တွေမြင်ဖူးကြမှာပါ။ Dell ၊ Lenovo ၊ Acer ၊ Laptop တွေ အသီးသီးမှာ ပါတဲ့အတိုင်း Recovery ပုံစံမျိုးနဲတူတူပါပဲ။User Guide & Software ကော တင်ပေးလိုက်ပါတယ်။ကျွန်တော် တင်ပေးလိုက်တဲ့ EBook အသစ်တွေ့လေ့လာပြီး ကောင်းကောင်း အသုံးချနိုင်ရင် ကျေနပ်ပါပြီးဗျာ။မိတ်ဆွေများအားလုံး 2016 နှစ်သစ်မှာ 100% စိတ်ရောကိုယ်ပါ အကြံသစ်၊ဥာဏ်အသစ်တွေနဲကျန်းမာ ပျော်ရွင်ကြပါစေခင်ဗျာ။
Tuesday, December 8, 2015
မိတ်ဆွေများအားလုံးမင်္ဂလာပါ။ ကျွန်တော် ဒီနေ့တော့ Android Mobile ကနေ Wireless Network ထဲ့က
Share ထားတဲ့Printer ကို Print ထုတ်နိုင်တဲ့ နည်းလမ်းလေး ကို share လိုက်ပါတယ်။Mobile ဖုန်းပေါ်က Print
 ထုတ်ဖို့ဆိုရင် အရင်ဆုံး Print Share ထားတဲ့ PC တစ်လုံးရယ်၊ Printer တစ်လုံးရယ်၊ Wifi လွင့်ထားတဲ့ Router တစ်လုံး၊ Android Mobile တစ်လုံးပြီးတော့ Printer Share Apk စတာတွေရှိရင် ဇတ်လမ်းစလိုရပြီးပေါ့ဗျာ။
 တကယ်လို့ ကိုယ် Printer က Wifi or Lan support လုပ်တဲ့ Printer ဆိုရင် PC မလိုတော့ဘူးပေါ့ဗျာ။ နောက်တစ်မျိုးကတော့ PC နဲ Printer က Usb Cable နဲ ချိတ်ထားပြီး Printer ကို share ထားပေါ့ဗျာ။ပြီးတော့ PC က Cable နဲ့ Router ရဲ့ Lan Port နဲ့ ချိတ်ထားရင်အဆင်ပြေပါတယ်။ အဓိကပြောချင်တာ က PC နှင့် Mobile က Same Network တစ်ခုထဲရှိရင်အဆင်ပြေပါတယ်။Netwoking အခြေခံနားလည်သူအတွက်က ကျွန်တော်အခု
လိုပြောတာနဲ့သဘောပေါက်သွားပါပြီး။ကိုယ်စီမှာရှိတဲ့ Device တွေနဲ့အဆင်ပြေသလိုသုံးပေါ့။ကျွန်တော် Printer Share APK နဲပတ်သက်ပြီး User Guide စာအုပ်လေးပါ သေချာရေးပြီး တင်ပေးထားပါတယ်။User Guide ထဲ့မှာ Share ထားတဲ့ Printer ကို connect လုပ် ပုံ၊ Android အတွက် Printer Driver Download လုပ်ပုံတွေသေချာလမ်းညွန့်ထားပါတယ်။User Guide လေး သေချာဖတ်ပြီး Practical လုပ်ကြည့်ရင်
Android Mobile ဖြင့် Print ထုတ်နိုင်ပါပြီးဗျာ။ 
အဆင်ပြေပါစေဗျာ။
Tuesday, March 31, 2015
ကျွန်တော်ဒီနေ့တော့ Video Training တစ်ခုတင်ပေးလိုက်ပါတယ်။သိပြီးသားမိတ်ဆွေများ Skip လုပ်သွားနိုင်ပါတယ်ခင်ဗျာ၊မသိသေးသောမိတ်ဆွေများအတွက် အရမ်းအသုံးဝင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ဆီမှာ English Ebook တွေဖတ်ရင် English စာအားနည်းတဲ့သူတွေ ဆိုဖတ်ဘို အဆင်မပြေတဲ့သူများ ဒီ နည်းလေးအသုံးချရင်100 %ပိုင်နိုင်စွာအမြန်လေ့လာနိုင်ပြီးဗျာ။ English ကနေ Myanmar ကို ဘာသာပြန်ချင်ရင် အရင်ဆုံး မိတ်ဆွေတို့ PC မှာ Myanmar3 Unicode အရင် Install လုပ်ထားပါ၊ပြီးရင်တော့ Google.com တို့သွားပြီး Translate နေရာ ကိုရောက်ရင် English to Myanmar (Burmese) Translate လုပ်လိုက်ရင် အဆင်ပြေပါပြီး။Browser ကို Google Chrome အသုံးပြုရင်ပိုအဆင်ပြေတယ်ဗျာ။အောက်က ကျွန်တော်တင်ပေးတဲ့ Video Training လေး ကြည့်ပြီးEnglish to Myanmar ကို အမြန် Translate လုပ်နိုင်ပြီး လေ့လာချင်သော အကြောင်းအရာများကို လွယ်လွယ်ကူကူလေ့နိုင်ပါစေဗျာ။
Friday, March 27, 2015
ဒီနေ့ညနေတော့ ကျွန်တော်ရထားတဲ့ Zaw Gyi APK လေးနှစ်ခု တင်ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကျွန်တော်အသိတွေ Samsung ဖုန်းတွေမှာ Myanmar Fonts မရတာနဲ အကူအညီတောင်းတာနဲ ရှိတာလေးနဲ စမ်းကြည့်တာ KitKat အမျိုးအစားဆိုတော့ အဆင်မပြေဖြစ်နေတာနဲ့ ထုံးစံအတိုင်း Google မှာရှာကြည့်ပြီး စမ်းကြည့်တာနဲ အဆင်ပြေသွားတာလေ။
Myanmar Fonts မရတဲ့ Samsung Mobile တွေမှာ  Myanmar Fonts Install လုပ်ချင်ရင် အရင်ဆုံး ကျွန်တော်တင်ထားတဲ့ Apk လေးကို Download လုပ်လိုက်ပါ။Download လုပ်ပြီးသွားရင်တော့ Zaw Gyi Apk လေး install လုပ်လိုက်ပါ။ Mobile အသစ်တွေဆို Unknown Source အမှန်ခြစ် ပေးလိုက်ပေါ့ဗျာ။
ပြီးရင်တော့ Mobile Phone ရဲ့ Setting ထဲ့က Display ထဲ့က Display Fonts မှာ Zaw Gyi ကိုရွေးပြီး Mobile Phone ကို Restart ချပေးလိုက်ပါ။ဒါဆိုရင် အဆင်ပြေပြီးပေါ့ဗျာ။ ပြီးရင်တော့ အဆင်ပြေတဲ့ Keyboard တစ်ခုခု Install လုပ်လိုက်ပေါ့ဗျာ။ကျွန်တော်ကတော့ Frozen ပဲသဘောကျတယ်ဗျာ။
Myanmar Fonts Keyboard မရှိသူများအတွက်လဲ အောက်မှာ Link ပေးလိုက်ပါမယ်ဗျာ။
မိတ်ဆွေများအဆင်ပြေပါစေဗျာ။
Tuesday, August 26, 2014
ဒီ Ultimate DLCD System  2014 Boot CD လေးကို ကျွန်တော်ရထားတာ နှစ်ပတ်လောက်ရှိပါပြီး အလုပ်တွေများနေတာနဲ အခုမှတင်ဖြစ်သွားတာပါ။ ဒီ System Boot CD လေးကတော့ Service သမားတွေအတွက် အရမ်းအသုံးဝင်တဲ့ System Boot CD လေးပါ။ Hiren'BootCD CD ကတော့ Computer Service သမားတွေ သိပြီးသား System Boot CD လေးပါ။ အခု 2014 Ultimate  
Boot CD ထဲ့မှာ Hard Disk Clone Tools Acronis 2014,Norton Ghost 12.0  တွေနဲ 
Disk Partition Tools Software Version အသစ်တွေအပြင် Windows  Password the Tools ထဲ့က သုံးလို အရမ်းအဆင်ပြေတဲ့ Windows Password Reset NTPWEdit 0.4  Version ၊
Word, Excel Recovery Master Software တွေ အပြင် BIOS Master Password Generator AntiDeep Freeze 0.4 ၊ Printer Resettting Tools ၊Windows Acitivator တစ်ခြား System Tools တော်တော်များများ Version အသစ်တွေ အသုံးပြုနိုင်တောင် တင်ပေးလိုက်ပါတယ်ခင်ဗျာ။
အောက်ကပုံလေးထဲ့မှာ ကျွန်တော် Mini XP နဲ Boot တက်ထားတဲ့ပုံလေးပါ။ 
FileSize ကတော့ 659MB ပါ :D အဆင်ပြေပါစေဗျာ။
Saturday, August 2, 2014
ဒီ CPU-Z ကတော့ အရင်ကတည်းက PC အတွက် System Information ကို ပြည့်ပြည့်စုံစုံဖော်ပြပေးတဲ့ Software လေးပါ။ အခု Android အတွက်လဲ အရမ်းအသုံးဝင်ပါတယ် ကျွန်တော်လဲ လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ အစ်ကိုတစ်ယောက်ဆီက ရထားတာပါ။ စမ်းသုံးကြည့်တာအရမ်းအဆင်ပြေတယ်ဗျ။ Android Mobile ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် 
ဒီ APK လေး Install လုပ်ပြီး ဖွင့်ကြည့်လိုက်ရုံနဲ့ CPU , Memory, Android Version , 
Internal Storage ,Battery, Sensors Informations တွေကိုပြည့်ပြည့်စုံစုံဖော်ပြပေးတဲ့ 
Software လေးပါ။ လိုချင်သူများ ဒေါင်းနိုင်ပါပြီး အဆင်ပြေပါစေဗျာ။
Tuesday, July 29, 2014
ဒီစာအုပ်လေးကတော့ Windows Run Box မှာ အသုံးပြုမဲ့  Command တွေ စုထားတဲ့စာအုပ်လေးပါ။
Computer System Information တွေကော တစ်ခြား အသုံးပြုလိုအဆင်ပြေမယ် Command တွေစုထားတဲ့ စာအုပ်လေးပါ။ အဆင်ပြေပါစေဗျာ။
Friday, July 25, 2014
V Root ကတော့  Mobile ဖုန်းတွေ မှာ Easy Root Tool လိုပြောရမှာပဲဗျာ။ ဖုန်းကို Root လုပ်နေသော မိတ်ဆွေများအတွက် သိပြီးသားဖြစ်မှာပါခင်ဗျာ။ အခု ကျွန်တော် VRoot Version အသစ်လေးရလို တင်ပေးလိုက်ပါတယ်။ PC အတွက် ကော Android အတွက်ကော နှစ်ခုစလုံးတင်ပေးလိုက်ပါတယ် အဆင်ပြေပါစေဗျာ။
Wednesday, July 2, 2014
Android Secrete codes
------------------------------------
1. Phone Information, Usage and Battery – *#*#4636#*#*
2. IMEI Number – *#06#
3. Enter Service Menu On Newer Phones – *#0*#
4. Detailed Camera Information – *#*#34971539#*#*
5. Backup All Media Files – *#*#273282*255*663282*#*#*
6. Wireless LAN Test – *#*#232339#*#*
7. Enable Test Mode for Service – *#*#197328640#*#*
8. Back-light Test – *#*#0842#*#*
9. Test the Touchscreen – *#*#2664#*#*
10. Vibration Test – *#*#0842#*#*
11. FTA Software Version – *#*#1111#*#*
12. Complete Software and Hardware Info – *#12580*369#
13. Diagnostic Configuration – *#9090#
14. USB Logging Control – *#872564#
15. System Dump Mode – *#9900#
16. HSDPA/HSUPA Control Menu – *#301279#
17. View Phone Lock Status – *#7465625#
18. Reset the Data Partition to Factory State – *#*#7780#*#*
19. Format Your Device To Factory State(will delete everything on your phone) – *2767*3855#
20. Hidden Service Menu For Motorola Droid – ##7764726
Electronic စတင်ဖြစ်ပေါ်လာပုံ
===============================
Electronics နည်းပညာကို လေ့လာ လိုက်စားတော့မည် ဆိုလျှင် “Electronics” ဟူသော ဝေါ
ဟာရ ကို အခြေ အမြစ် ကျကျ သိရှိ နားလည်ထားရန် လိုအပ်ပါသည်။ Electronics (အီလက်
ထရွန်းနစ်) ဟူသော ဝေါဟာရကို အင်္ဂလိပ် မြန်မာအဘိဓာန်များ၌ ပရမာအနုမြူနှင့် ဆိုင်သော
ရူပဗေဒ ဘာသာရပ် ဟုအဓိပ္ပာယ် ဖွင့်ဆိုထားလေသည်။
Electronics ဟူသော ဝေါဟာရကို (GREEK) ဂရိဘာ သာစကားမှ စတင်ဆင်းသက် ပေါက်ဖွား
လာခဲ့သည်။ ဂရိဘာသာစကားတွင် Electronics ဟူသော ဝေါဟာရ ကို ပယင်းကျောက်တုံးဟု
အဓိပ္ပာယ် ရလေသည်။
စာဖတ်သူများအနေဖြင့် အီလက်ထရွန်းနစ်ပညာကိုလေ့ လာလိုက်စားရာတွင် ဗဟုသုတအနေ
ဖြင့် သော်လည်ကောင်း၊ မိမိဝါသနာပါရာ အီလက်ထရွန်းနစ် ပညာ၏ သမိုင်းကြောင်း ဆိုင်ရာ
သိမှတ်စရာအဖြစ် လည်းကောင်း အထောက်အကူဖြစ်စေခြင်းငှာ အီလက်ထရွန်းနစ်၏ သမိုင်း
ကြောင်းကို စတင်ပါတော့မယ် ခင်ဗျာ။
လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်လောက်က ပိုးသားဝတ်စုံများကို မြတ်နိုးစွာဝတ်ဆင်လေ့
ရှိ သော ဂရိလူမျိုး များစွာတို့ အနက် လက်အငြိမ်မနေတတ်သော ဂရိလူမျိုးတစ်ဦး ရှိလေသည်။
ထိုသူတွင် လုံးဝန်းသောပုံသဏ္ဍာန်ရှိသည့် ပယင်းကျောက်တုံး (AMBER) တစ်လုံးရှိလေသည်။
ထိုသူသည် အားလပ်သော အချိန်တိုင်းတွင် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံး ကလေးကို
သူ၏ ပိုးသားဝတ်ရုံဖြင့် အစဉ်သဖြင့် ပွတ်တိုက်လှုပ်ရှား၍ သာနေသည်။ ထိုသူ၏ အငြိမ်မနေ
တတ်သော အကျင့်သည် သာမန် အားဖြင့်ဆိုလျှင် မည့်သို့မျှထူးခြား စိတ်ဝင်စားဖွယ် မရှိသော်
လည်း ထိုသို့ အငြိမ်မနေတတ်သော ဂရိလူမျိုး တစ်ဦး၏ ပိုးသားဝတ်ရုံစဖြင့် ပယင်းကျောက်
တုံးကလေးကို စဉ်ဆက်မပြတ်ပွတ်တိုက် လှုပ်ရှားရာမှ စ၍ ယခုမျက်မှောက်ကာလ ကမ္ဘာနှင့်
အ၀ှမ်း အီလက် ထရွန်းနစ် နည်းပညာများ ဖွံဖြိုး တိုးတတ် လာခဲ့သည် ဆိုလျှင် ယုံနိုင်ဖွယ် မရှိ
အောင် အံ့သြကြမည်မှာ မလွှဲပါ။
တစ်နေ့သော် ထိုသူသည် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံး ကလေးကို ပိုးဝတ်ရုံစဖြင့် စဉ်
ဆက်မ ပြတ် ပွတ်တိုက် ရာမှ လက်ထဲ မှာ ပူနွေး ညောင်းညာ လာသဖြင့် ၎င်း ပယင်းကျောက်
တုံး ကလေးကို အနီးရှိ စားပွဲခုံ တစ်ခုပေါ် တင်လိုက်သော အခါ ပတ်ဝန်းကျင် ရှိ ပေါ့ပါးသော
စက္ကူစများ၊ ငှက်မွှေးများ၊ ဂွမ်းစကဲ့သို့ ပေါ့ပါးသော အရာဝတ္တုများသည် ၎င်းပယင်းကျောက်တုံး
ဆီသို့ အပြေးအလွှား ကပ်ညှိသွားသည်ကို အံ့ဩဖွယ်ရာ မြင်တွေ့ လိုက်ရသည်။ ထိုသူသည်
လွန်စွာ အံ့အားသင့် သွားသည်။
သို့သော် အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကိုမူ ၎င်းအနေဖြင့် သိနိုင်စွမ်းမရှိခဲ့ပေ။ သို့သော် ထို
သူသည် ၎င်း၏ ပယင်းကျောက်တုံး ကလေးကို ပိုးဝတ်ရုံစဖြင့် ပူနွေးလာစေရန် အဆက်မပြတ်
ပွတ်တိုက်၍ လူပုံလယ်တွင် မည့်သည့် အဆက်အသွယ်မှမရှိဘဲ သံနှင့် သံလိုက်မဟုတ်ပါပဲ အ
ဝတ်စ၊ ငှက်မွှေး၊ ဂွမ်းစနှင့် စက္ကူစုတ်များကို ပယင်းကျောက်တုံးသို့ ပြေးဝင်ကပ်ညှိအောင် လုပ်
နိုင်စွမ်းသူတစ်ဦးအဖြစ် ဂရိလူမျိုး များစွာတို့၏ အံ့ဩမှုကို ခံယူခဲ့ရလေသည်။
အမှန်စင်စစ် ထိုအချိန်က အရာဝတ္တု တစ်ခုကို အခြားအရာဝတ္တု တစ်ခုနှင့် ပွတ်တိုက်သည့်အ
ခါ (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက် ထရစ် စီတီ ခေါ် အပူကြောင့်
ဖြစ်ပေါ်သော အပူ လျှပ်စီးကြောင်း၏ သဘော တရားကို မည်သူမျှ နားလည်သဘောပေါက်
ခြင်း မရှိသေးပေ။
သို့သော ပယင်း ကျောက်တုံးကို အ၀တ်စတစ်ခု ခုဖြင့် ပွတ်တိုက်ပေးလျှင် အ၀တ်စ၊ ငှက်မွှေး၊
ဂွမ်းစနှင့် အခြားပေါပါးသောအရာဝတ္တုများ ပြေးဝင်ကပ်ညှိနိုင်သောသဘောကို အီလက်ထရွန်
(သို့မဟုတ်) အီလက်ထရစ်ဟုခေါ်ဆိုကြလေသည်။ ၎င်း၏ အ ဓိပ္ပာယ်မှာ ပယင်းကျောက် ဟု
၍ပင်ဖြစ်သည်။
အချိန်ကာလာ အတန်ကြာ သည့်အထိ ပယင်းကျောက်တုံး၏ နိယာမမှာ တိုးတက်ပြောင်းလဲခြင်း
မရှိဘဲ နေလာခဲ့ရာ (၁၆) ရာစုသို့ ရောက်သောအခါ (Doctor William Gilbert) ဒေါက်တာဝီလျံ
ဂီးဘတ် ဆိုသူ သည် ချိတ်၊ အင်တွဲ၊ ကန့်၊ ဖန် စသော အစိုင်အခဲတို့သည်လည်း အ၀တ်စဖြင့် ပူ
လာသည်အထိ ကြိမ်ဖန် များစွာ ပွတ်တိုက်ပါက ပယင်းကျောက်တုံးကဲ့သို့ပင် ပေါ့ပါးသော အရာ
ဝတ္တုများကို ဆွဲငင်နိုင်ကြောင်း ထပ်မံစမ်းသပ် တွေ့ရှိလာခဲ့သည်။
ထိုပြင် အီလက်ထရွန်တို့သည် တစ်နေရာမှ တစ်နေရာသို့ ၀ိုင်ယာကြိုးစသည့် တစ်စုံတစ်ခုဆက်
သွယ်ခြင်း မရှိပဲ အာကာသ အတွင်းသို့ အလိုအလျှောက် ပျံနှံရောက်ရှိနိုင်ကြောင်း သိရှိခဲ့ရလေ
သည်။
ထိုပြင် (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီခေါ်အပူကြောင့်
အလို အလျှောက် စွမ်းအင် တစ်မျိုး ဖြစ်ပေါ်စေကြောင်းနှင့် ပယင်း၊ ချိတ်၊ ကန့်၊ ဖန်၊ အင်တွဲ၊
ထင်းရူးဆီတို့၌ ငြိမ် ၀ပ်လျှက်ရှိသော စွမ်းအင်များသည် ပွတ်တိုက်မှုကြောင့် ပူနွေးနိုးထလှုပ်
ရှားပြီး ရှင်သန်သော စွမ်းအင်များ ပေါ်ထွက်လာနိုင်သည် ဟူ၍၎င်း၊ ထိုသို့ ဖြစ်ပေါ်လာသော
လျှပ်စစ်စွမ်းအင်ကို (FRICTIONAL ELECTRICITY) အပူကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်
စွမ်းအင် (သို့မဟုတ်)( Static Electricity) စတက်တစ်ခ် အီလက်ထရစ်စီးတီး တည်ငြိမ်မှု နိုး
ထသော လျှပ်စစ်စွမ်းအင် ဟုခေါ်ဆိုကြလေသည်။
ဤသို့ဖြင့် ၁၈၁၉ခုနှစ်သို့ ရောက်ရှိလာသောအခါ (Hans-Christian Oersted) ဟန်ခရေယံ
အော(စ်)တက် ဆိုသူသည် အရာ ၀တ္တု တစ်ခုနှင့် တစ်ခု ပွတ်တိုက် လိုက်သော အခါ အပူ
ကြောင့် သံလိုက် ဓာတ် ကဲ့သို့ ဆွဲငင် ယူဆောင် နိုင်သော စက်ကွင်း (သို့မဟုတ်) လျှပ်စီး
စွမ်းအင်များ ထွက်ပေါ်လာသည်။
ထို့အပြင် ၎င်း လျှပ်စီး စွမ်းအင်တို့သည် ရွှေ၊ ငွေ၊ ကြေး၊ အလူမီနီယံ၊ သံ စသော သတ္တုများတွင်
စီး ၀င်နိုင်သည်။ ၎င်းသတ္တုတို့တွင် အီလက်ထရွန်များ လွပ်လပ်စွာ တည်ရှိနိုင်မှုကြောင့် လျှပ်
ကူးစွမ်းရည်ပို ကောင်းသည်။
မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေးတို့သည် အီလက်ထရွန်သက်ရောက်
မှု နည်းပါးသဖြင့် လျှပ်ကူးမှုစွမ်းအင်နည်းပါးပြီး ရောက်ရှိလာသော လျှပ်စီးစွမ်းအားတို့ကို တား
ဆီး သောသဘော ရှိသည်ဟု သိရှိ လာသည့် အပြင် ထပ်မံ စူးစမ်း လေ့လာ သောအခါ ထိုသူ
သည် အောက်ဖော်ပြ ပါအချက်တို့ကို တွေ့ရှိနိုင်ခဲ့လေသည်။
အရာဝတ္တုတစ်ခုနှင့်တစ်ခု ပွတ်တိုက်သည့်အခါ အပူကြောင့် လျှပ်စီးစွမ်းအားကို ရရှိ
စေနိုင်သည်။
ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့သည် လျှပ်စစ်စွမ်းအင်ကို လက်ခံဖြတ်သန်းစီး
ဆင်းစေ နိုင်သည်။
လျှပ်စစ်စွမ်းအင်များသည် ရွှေ၊ ငွေ၊ ကြေး၊ သံ စသောသတ္တုတို့ကို ဖြတ်သန်းစီးဆင်း
သော အခါ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်သံလိုက်ကွင်းများ ဖြစ်ပေါ်နေသည်။
၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံများကို ကြိုးခွေတစ်ခုသဖွယ်ခွေ၍ထားပါက လျှပ်စစ်သံလိုက်
စက် ကွင်းအင်အားများပို၍ ဖြစ်ပေါ်စေသည်။
၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ ကြိုးခွေအတွင်း လျှပ်စစ်စွမ်းအား ဖြတ်သန်းနေစဉ် ၎င်းကြိုး
ခွေ အ တွင်း၌ သံချောင်းတစ်ခုကို ထားပါက ၎င်းသံချောင်းသည် သံလိုက်ဖြစ်နေပြီး
လျှပ်စစ်စွမ်း အား ရပ်ဆိုင်းသွားသည့်အခါ ၎င်းသံလိုက်ချောင်းသည် သံလိုက်ဓာတ်
ကွယ်ပျောက်သွား သည်။
မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေး တို့သည် အီလက်ထရွန်
ကူးသန်းမှု ကို တားဆီးခုခံနိုင်သည်။ ထိုသို့ တားဆီးခုခံမှု (Resistance) အနည်း
အများသည် အရာဝတ္တု တစ်ခု၏ လျှပ်စီးတားဆီးနိုင်မှုပမာဏအပေါ်မှုတည်၍ တိုင်း
တာသိရှိနိုင်သည်။ ထိုခုခံတားဆီးမှုပမာဏကို (OHM) ဖြင့် တိုင်းတာသတ်မှတ်နိုင်
သည်။
(Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အထက်ပါ (၆) မျိုးသော
အကြောင်းအ ရာ တို့ကို သာရှာဖွေနိုင်ခဲ့သောလည်း ထိုသူ၏ အကျိုးကျေးဇူးဖြင့် ထရန်စဖော်
မာ ၏ အခြေခံဖြစ်သော ကွိုင်၏ သဘောတရာနှင့် လျှပ်စီးခုခံမှု ပမာဏကို တိုင်းတာနိုင်သော
( OHM Law) အုမ်းလော ခေါ် လျှပ်စစ်ခုခံမှုတိုင်း တာသော ဥပဒေများ၏ အခြေခံသဘောတ
ရား များနှင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် မရှိမဖြစ် အဓိက အ သုံးပြုသော (Resistor) ရီ
စစ္စတာ ခေါ် အီလက်ထရွန်းနစ် လျှပ်ခံပစ္စည်းပေါ်ပေါက်ရခြင်း၏ အကျိုးကျေးဇူး များ ကို ရရှိခဲ့
ရပေသည်။
ဤသို့ဖြင့် ၁၆၃၁ ခုနှစ် သို့ ရောက်သောအခါ မိုက်ကယ်ဖာရာဒေး ( MICHAL FARADAY) ဆိုသူ
သည် အထက်ဖော်ပြပါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ်၊ (Hans-Christian
Oersted) ဟန်ခရေယံ အော(စ်)တက် တို့၏ ရှာဖွေတွေ့ရှိချက်များအပေါ် မူတည်၍ အဓိကအကျ
ဆုံး လျှပ်စစ်စွမ်း အားထုတ်ယူသုံးစွဲနည်း ပညာများကို တိုက်ရိုက်တီထွင်နိုင်ခဲ့သည်။
ယခင်ပုဂ္ဂိုလ်များသည် အရာဝတ္တု တစ်ခုနှင့်တစ်ခုပွတ်တိုက်ခြင်းဖြင့် အပူကြောင်း လျှပ်စစ်စွမ်းအင်
ရရှိနိုင်သည်ဟု၎င်း၊ ၎င်းလျှပ်စစ်စွမ်းအင်စီးဆင်းရာ ၀န်းကျင်တွင် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပြီး
သံ ချောင်းကို ပင် သံလိုက်ချောင်းဖြစ်စေနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ သို့သော် မိုက်ကယ်
ဖာရာဒေး ကမူ ၎င်းတို့ ရှာဖွေတွေ့ရှိချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော သံလိုက်မှ လျှပ်စစ်စွမ်း
အားကို ထုတ်ယူ ပေးနိုင်ခဲ့လေသည်။
မိုက်ကယ်ဖာရာဒေးသည် ကြေးနီဝါယာနန်းကြိုးခွေတစ်ခုအတွင်း၌ သံလိုက်တုံးကို မရပ်အနား
လှုပ် ရှားစေခြင်းကြောင့် ကြေးနီဝိုင်ယာကြိုးအတွင်း လျှပ်စစ်ဓာတ်အားကို ဖြစ်ပေါ်စေသည်ကို 
စမ်းသပ်လေ့လာ တွေ့ရှိခဲ့လေသည်။
မိုက်ကယ်ဖာရာဒေးသည် လျှပ်စစ်စီးအားတစ်ခုသည် ကွိုင်တစ်ခုအတွင်း ဖြတ်သန်းစီးဝင်နေပါ
က ၎င်း ကွိုင်၏ ပတ်ဝန်ကျင်တွင် လျှပ်စစ်သံလိုက်စက်ကွင်းများ ဖြစ်ပေါ်နေပြီး၊ ၎င်းအနီးတွင်
မည်သည့် အဆက်အသွယ်မျှ မရှိဘဲ အခြားကွိုင်တစ်ခုကို ထားရှိပါကလည်း ထိုကွိုင်အတွင်းသို့
လျှပ်စစ်လှိုင်းများ အလိုလျောက် ကူးပြောင်းရောက်ရှိနိုင်ကြောင်းကို ရှာဖွေသိရှိခဲ့လေသည်။
ဤသို့အားဖြင့် မိုက်ကယ်ဖာရာဒေး၏ ကျေးဇူးဖြင့် (၁၈၃၀) ခုနှစ်၊ နှောင်းပိုင်းကာလ သို့မဟုတ်
(၁၉) ရာစုနှစ်တွင် လျှပ်စစ်နှင့် ပက်သက်သော အကျိုးတရားများ ဖြစ်ထွန်းခဲ့လေသည်။ မိုက်
ကယ်ဖာရာဒေး၏ လေ့လာ စူးစမ်းမှုအပေါ် အခြေပြု၍ (၁၈၃၁) နှစ်နောက်ပိုင်း ကာလတွင် အီ
လက်ထရွန်(ခေါ်) ပယင်း ကျောက်တုံးကလေးမှ စတင်ခဲ့သော လျှပ်စစ်စွမ်းအင်နှင့် သက်ဆိုင်
သော အသိပညာများ၊ လူသား အကျိုးပြု လျှပ်စစ်ကိရိယာများစွာ တိုးတက်ဖွံဖြိုးလာပေသည်။
လျှပ်စစ်ဆိုင်ရာ အတတ်ပညာနှင့် သက်ဆိုင်နှီးနှောသော အတတ်ပညာပိုင်းဆိုင်ရာ အခေါ်အ
ဝေါ်များကို စတင်ဖြစ်ပေါ်ခဲ့ရာ အခြေအမြစ်ဖြစ် သော ပယင်းကျောက်တုံးကိ အစွဲပြု၍ ယနေ့
ချိန်ထိ အီလက်ထရွန်၊ အီလက်ထရစ်၊ အီလက်ထရွန်းနစ် စသည်အားဖြင့် ခေါ်ဝေါ် သုံးစွဲကြ
လေတော့သည်။
အထက်ဖော်ပြပါ အကြောင်းအရာတို့သည် အီလက်ထရွန်းနစ် (Electronics) ဟူဟော ဝေါ
ဟာရ မည်သို့ ဖြစ်ပေါ်လာ သည်ကို ဗဟုသုတ ရရှိစေရန် ဖော်ပြလိုက်ရခြင်း ဖြစ်ပေတော့
သည်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ရေးသားသူ။ ။ မောင်နိုင်
credit
https://www.facebook.com/expresstimes
Friday, June 6, 2014
Pitch Lab Application လေးကတော်တော်လေးကောင်းတယ်။ကျွန်တော်ပြထားတဲ့ပုံကတော့ Guitar, Standard မှာ Master Key ညှိတာလေးပါ။ဂစ်တာကို ကြိုးတစ်ချောင်းခြင်းစီတီးခတ်ပြီး ညှိလိုက်ယုံပါပဲ အရမ်းလွယ်ပါတယ်။ ကြိုးဟောင်းနေသော ဂစ်တာတွေ သတိတော့ထားပေါ့ဗျာ။ Master Key ညှိရင် ကြိုးပြတ်တတ်လိုပါခင်ဗျာ။တခြား Tools တွေလဲပါသေးတယ်။Music စိတ်ဝင်စားသော
မိတ်ဆွေများအတွက်အောက်ကနေ Download လုပ်နိုင်ပါပြီ။အဆင်ပြေပါစေဗျာ။