Wireless Network ကိုအသုံးပြုပြီး Android Mobile ဖြင့် Print ထုတ်နိုင်တဲ့နည်းလမ်းလေးပါ။




မိတ်ဆွေများအားလုံးမင်္ဂလာပါ။ ကျွန်တော် ဒီနေ့တော့ Android Mobile ကနေ Wireless Network ထဲ့က
Share ထားတဲ့Printer ကို Print ထုတ်နိုင်တဲ့ နည်းလမ်းလေး ကို share လိုက်ပါတယ်။Mobile ဖုန်းပေါ်က Print
 ထုတ်ဖို့ဆိုရင် အရင်ဆုံး Print Share ထားတဲ့ PC တစ်လုံးရယ်၊ Printer တစ်လုံးရယ်၊ Wifi လွင့်ထားတဲ့ Router တစ်လုံး၊ Android Mobile တစ်လုံးပြီးတော့ Printer Share Apk စတာတွေရှိရင် ဇတ်လမ်းစလိုရပြီးပေါ့ဗျာ။
 တကယ်လို့ ကိုယ် Printer က Wifi or Lan support လုပ်တဲ့ Printer ဆိုရင် PC မလိုတော့ဘူးပေါ့ဗျာ။ နောက်တစ်မျိုးကတော့ PC နဲ Printer က Usb Cable နဲ ချိတ်ထားပြီး Printer ကို share ထားပေါ့ဗျာ။ပြီးတော့ PC က Cable နဲ့ Router ရဲ့ Lan Port နဲ့ ချိတ်ထားရင်အဆင်ပြေပါတယ်။ အဓိကပြောချင်တာ က PC နှင့် Mobile က Same Network တစ်ခုထဲရှိရင်အဆင်ပြေပါတယ်။Netwoking အခြေခံနားလည်သူအတွက်က ကျွန်တော်အခု
လိုပြောတာနဲ့သဘောပေါက်သွားပါပြီး။ကိုယ်စီမှာရှိတဲ့ Device တွေနဲ့အဆင်ပြေသလိုသုံးပေါ့။ကျွန်တော် Printer Share APK နဲပတ်သက်ပြီး User Guide စာအုပ်လေးပါ သေချာရေးပြီး တင်ပေးထားပါတယ်။User Guide ထဲ့မှာ Share ထားတဲ့ Printer ကို connect လုပ် ပုံ၊ Android အတွက် Printer Driver Download လုပ်ပုံတွေသေချာလမ်းညွန့်ထားပါတယ်။User Guide လေး သေချာဖတ်ပြီး Practical လုပ်ကြည့်ရင်
Android Mobile ဖြင့် Print ထုတ်နိုင်ပါပြီးဗျာ။ 
အဆင်ပြေပါစေဗျာ။







Post a Comment

0 Comments